Saturday, April 4, 2020
မီးဘေးသင့် အမက ပုံတပ် သို့ရောက်ရှိခြင်း
မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု ဝေးလံခေါင်ဖျား ဒေသ၌ရှိသော
လားဟူတိုင်းရင်းသားများ နေထိုင်ရာ ပုံတပ်ရွာလေး ဖြစ်ပါသည်။
(၂.၄.၂၀၂၀) မွန်းလွဲ (၂)နာရီတွင် တောမီးလောင်ရာမှ ရွာသို့
မီးကူးစက်လောင်ကျွမ်းခဲ့ရာ မိသားစု(၃၂)စု မီးဘေးသင့်ခဲ့ပါသည်။
၂၀၁၉/၂၀၂ဝ ပညာသင်နှစ်တွင် အမကအဖြစ် ကျောင်းအဆင့်တိုးခဲ့သော
လူထုအားဖြင့် ဆောက်လုပ်ထားသော အမကကျောင်းဆောင်မှာလည်း
မီးဘေးသင့်ခဲ့ရပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးနှင့်ဌာနဆိုင်ရာများ၊
လူမှုကူညီရေးအဖွဲ့များက လိုအပ်သည်များကို
အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှသည်
အဆိုပါ ခရီးစဉ်တွင် လိုက်ပါ၍
ပညာရေးဌာနဆိုင်ရာများ ဆောင်ရွက်ခဲ့ပါသည်။
မြတ်မျိုးမြင့်မာန်
၃.၄.၂၀၂၀
ရင်ထဲက ခံစားချက်လေး တစ်ခု
ပြုစုတိုင်းသာ
ပန်းကလေးတွေ ပွင့်လန်းနေမယ်ဆိုရင်
ဥယျာဥ်မှူးကောင်း တယောက်အတွက်က
ဆူးစူးတာလောက်ကို
မမှုတော့ပါ ပန်းကလေးရေ။
ပန်းကလေးတွေ ပွင့်လန်းနေမယ်ဆိုရင်
ဥယျာဥ်မှူးကောင်း တယောက်အတွက်က
ဆူးစူးတာလောက်ကို
မမှုတော့ပါ ပန်းကလေးရေ။
မှိုင်း(ဓာတု)
၃.၄.၂၀၂၀
ခေတ်ပြ ကြေးမုံတစ်ချပ်
ခေတ်ပြ ကြေးမုံတစ်ချပ်
**************************
မိုင်းဆတ်မြို့က ဈေးထဲမှာ
ယနေ့ဝယ်ခဲ့တာ
သံပုရာသီး
လေးလုံး တစ်ထောင်ပါ။
မိုင်းဆတ်မှာ
ယခုအခါ COVID-19 လည်း
တည်ငြိမ်နေဆဲပါ။
လက်ရှိအခြေအနေပင်
သူတို့ကိုယ်ချင်းမစာနာ။
အတ္တဆန်တဲ့
လူသားတချို့ကြောင့်သာ
နွမ်းပါးသူအရေး အဖန်ဖန်တွေး
ကိုယ်ချင်းစာမိ အခါခါ ။
ဆန်ဈေးများလည်း
ဆယ်ပုံတစ်ပုံထပ်ဆောင်းလာ
အနာဂတ် စားဝတ်နေရေး
ချင့်တွေးကြဖို့
လိုအပ်လာပြီဗျာ။
**************************
မိုင်းဆတ်မြို့က ဈေးထဲမှာ
ယနေ့ဝယ်ခဲ့တာ
သံပုရာသီး
လေးလုံး တစ်ထောင်ပါ။
မိုင်းဆတ်မှာ
ယခုအခါ COVID-19 လည်း
တည်ငြိမ်နေဆဲပါ။
လက်ရှိအခြေအနေပင်
သူတို့ကိုယ်ချင်းမစာနာ။
အတ္တဆန်တဲ့
လူသားတချို့ကြောင့်သာ
နွမ်းပါးသူအရေး အဖန်ဖန်တွေး
ကိုယ်ချင်းစာမိ အခါခါ ။
ဆန်ဈေးများလည်း
ဆယ်ပုံတစ်ပုံထပ်ဆောင်းလာ
အနာဂတ် စားဝတ်နေရေး
ချင့်တွေးကြဖို့
လိုအပ်လာပြီဗျာ။
မြတ်မျိုးမြင့်မာန်
(မိဘပြည်သူအတွက် ခံစားရေးသားရပါသည်) 4.4.2020 9;00 p:m
Thursday, April 2, 2020
ကျွန်တော် မချစ်တဲ့ ကိုဗစ်
ကျွန်တော် မချစ်တဲ့ ကိုဗစ်
*************************
ကနဦးကာလကတော့
အဝေးကြီးမှာ
ဆိုးလိုက်တဲ့ ဒီရောဂါ
သတင်းတစ်ခု အဖြစ်သာ ။
*************************
ကနဦးကာလကတော့
အဝေးကြီးမှာ
ဆိုးလိုက်တဲ့ ဒီရောဂါ
သတင်းတစ်ခု အဖြစ်သာ ။
ခုတော့ နီးသထက် နီးလို့လာ
ကိုယ့်မြို့ကိုယ့်ရပ် ကိုယ့်နေရာ
အားလုံးပူပန်စရာ။
ကိုယ့်မြို့ကိုယ့်ရပ် ကိုယ့်နေရာ
အားလုံးပူပန်စရာ။
လိုက်နာသူတွေ များပေမယ့်
တစ်စုံတစ်ယောက်က
စည်းကမ်း ဖောက်ရင်
စိုးရိမ်စရာ အမှန်ပါ။
တစ်စုံတစ်ယောက်က
စည်းကမ်း ဖောက်ရင်
စိုးရိမ်စရာ အမှန်ပါ။
ဒီတစ်ခါတော့ တို့မြန်မာ
အားလုံး အားလုံး အားလုံး
စည်းကမ်းရှိကြစေချင်ပါတယ်ဗျာ။
အားလုံး အားလုံး အားလုံး
စည်းကမ်းရှိကြစေချင်ပါတယ်ဗျာ။
မောင်သီးသန့် (ရန်ကင်း) / မြတ်မျိုးမြင့်မာန်
၃၀.၃.၂၀၂၀ မနက် ၅း၄၂ နာရီ
၃၀.၃.၂၀၂၀ မနက် ၅း၄၂ နာရီ
Wednesday, March 11, 2020
ပန်းကလေးလို လှနေတာဘဲ ကြည့်ချင်ပါသည်။

နွေအရိပ်သန်း
ရွက်ခြောက်လမ်းမှာ
ခြေလှမ်းဖွဖွ
နွေအလှသူ
ရင်မှာပူမိ
သူ၏ဘဝ
လှပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လှနေတာဘဲ
ကြည့်ချင်ပါသည်။
ရွက်ခြောက်လမ်းမှာ
ခြေလှမ်းဖွဖွ
နွေအလှသူ
ရင်မှာပူမိ
သူ၏ဘဝ
လှပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လှနေတာဘဲ
ကြည့်ချင်ပါသည်။
မှိုင်း( ဓာတု)
ကဗျာသည် ကဗျာသာဖြစ်ပါသည်။
သို့သော်လည်း သူမသိသော်လည်း
ကိုယ်သာသိသော ဝေဒနာ တစ်ရပ်တော့ ဖြစ်ပါသည်။
-----------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------
ပန်းကလေးလို လှနေတာဘဲ ကြည့်ချင်ပါသည်။
နွေအရိပ်သန်း
ရွက်ခြောက်လမ်းမှာ
ခြေလှမ်းဖွဖွ
နွေအလှသူ
ရင်မှာပူမိ
သူ၏ဘဝ
လှပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လှနေတာဘဲ
ကြည့်ချင်ပါသည်။
ရွက်ခြောက်လမ်းမှာ
ခြေလှမ်းဖွဖွ
နွေအလှသူ
ရင်မှာပူမိ
သူ၏ဘဝ
လှပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လှနေတာဘဲ
ကြည့်ချင်ပါသည်။
မှိုင်း( ဓာတု)
ကဗျာသည်
ကဗျာသာဖြစ်ပါသည်။
သို့သော်လည်း
သူမသိသော်လည်း
ကိုယ်သာသိသော
ဝေဒနာ တစ်ရပ်တော့ ဖြစ်ပါသည်။
Thursday, December 12, 2019
ဆရာသည်သာ အခရာ
Wednesday, December 11, 2019
တမ်းတခြင်း အလွမ်းအိပ်မက်
၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏
၂၀နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။