Saturday, February 20, 2021

မျက်ရည် ဆုတောင်း


 

ကြေကွဲလို့ကျတဲ့ မျက်ရည်

သူ့မျက်ရည်တွေဘဲပေါ့လေ။

ကြေကွဲလို့ကျတဲ့မျက်ရည်

ကိုယ့်မျက်ရည်တွေဘဲပေါ့လေ။

ကြေကွဲခြင်းခပ်သိမ်း 

ကင်းငြိမ်းကြပါစေ။


အသက်အတွက် ကျတဲ့မျက်ရည်

နာကျင်မှုအတွက် ကျတဲ့မျက်ရည်

သူ့ဘက်ကိုယ့်ဘက် ကျတဲ့မျက်ရည်

တို့များနှလုံးသားတွေထဲက

ထွက်ပေါ်လာသည်ဘဲလေ

ထိုထိုမျက်ရည်များ ကင်းငြိမ်းကြပါစေ။


အမုန်းကြောင့် ဖြစ်လာတဲ့မျက်ရည်

ကုန်ဆုံးနိုင်ပါစေ။

အပြုံးကြောင့်ကျတဲ့ ပီတိမျက်ရည်

ထာဝရ စီးဆင်းနိုင်ပါစေ။

မြတ်ဗုဒ္ဓ ဆိုဆုံးမစကားများ

နှလုံးသွင်း၍ အမုန်းကင်းနိုင်ကြပါစေ။


မြတ်မျိုးမြင့်မာန်


Saturday, February 13, 2021

အကျွန်၏စေတနာဆုတောင်းလွှာ


 

ပန်းတွေလည်း ပွင့်ပါစေ 

အလွမ်းတွေလည်း လွင့်ပါစေ။ 

အနမ်းတွေလည်း မွှေးပါစေ 

စမ်းရေလည်း အေးပါစေ။ 

လောကကြီးလည်း 

သာယာစို‌ပြည်ပါစေ။ 

မှိုင်း(ဓာတု)



Wednesday, February 10, 2021

ဆောင်းဆုတောင်း

 



ချမ်းမြေ့ပါစေ

တောင်းဆုချွေသည်

ဆောင်းဝေပန်းတွေ

လန်းကြစေ။

မှိုင်း(ဓာတု)

Sunday, January 17, 2021

ဆရာဟူသည်..

 


တောင်တန်းမှာပျော်

တောမှာပျော်သည်

ပညာဝေမျှ

ဆရာဘဝ

ကြည်နူးခြင်းက

နှိုင်းမရ။

စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

(၁၇.၁.၂၀၂၁)


Friday, December 25, 2020

ကျွန်တော်မချစ်တဲ့ ကိုဗစ်-၄ (သို့မဟုတ်) ကိုဗစ်သာ ကြားနိုင်မယ်ဆိုရင်

 



ကိုဗစ်ရေ

မင်းလာတာလည်း ကြာပေါ့။

မင်းကမမောပေမယ့်

လူသားတွေကတော့ မောလှပါပြီ။


ကိုဗစ်ရေ

မင်းကြောင့်

သွားချင်တိုင်းမသွားရ

လာချင်တိုင်းမလာရ

တို့တွေဘဝ မိဘဆွေမျိုးတွေနဲ့

နီးမလိုနဲ့ ဝေးနေရတာလည်း များလှပါပြီ။


ကိုဗစ်ရေ

မင်းကို အစကတည်းက 

မချစ်ခဲ့ပါဘူး။

အခုလည်း မချစ်ပါဘူး။

အဲ့ဒါကြောင့် 

မချစ်မနှစ်သက်သူတွေအနားက

ထွက်သွားသင့်ပါပြီ။



ကိုဗစ်ရေ

အသွင်ပြောင်းကိုဗစ်အဖြစ်

ဉရောပ၊အာဖရိက နိုင်ငံတချို့မှာ

မင်းကတော့ ဒုက္ခပေးနေပြန်ပြီနော်။

တို့နိုင်ငံမှာတော့

မလာဖြစ်နဲ့တော့နော် ကိုဗစ်ရေ။


ကိုဗစ်ရေ

ကျွန်တော်မချစ် 

ဘယ်သူမှလည်းမချစ်

အားလုံးကမချစ်တာကို

အဖြစ်သနစ်တွေကလည်း

သက်သေပြလှပါပြီ။

သင်ချွေခဲ့တဲ့ အသက်တွေ

သင်ဖျက်ဆီးခဲ့တဲ့ ဘဝတွေအတွက်

သင်ပေးဆပ်ဖို့တော့ ရှိပါတယ်။

ကမ္ဘာ့သမိုင်းမှာကော

မြန်မာ့သမိုင်းမှာပါ

သင့်သမိုင်းဆိုးကြီးကတော့

လူ့ဘောင်သမိုင်းမှာ 

သင့်အမည်ဆိုးကြီးကတော့

မှတ်ကျောက်တင်ခဲ့မှာပါ

ကျွန်တော်မချစ်တဲ့ ကိုဗစ်ရာ။

မောင်သီးသန့်(ရန်ကင်း) /

မြတ်မျိုးမြင့်မာန်

(၂၅.၁၂.၂၀၂၀) ခရစ်စမတ်နေ့တွင် ခံစားတင်ပြသည်။


Friday, November 13, 2020

ပန်းကလေးများရဲ့အလှ

 


ပန်းမြတ်သခင်
တော်ဝင်သဇင်လည်း
လှပါတယ်။
ပန်းပိတောက် ငုဝါ
ထိုအရာလည်း
လှပါတယ်။
နှင်းဆီ ဇီဇဝါ
ထိုအရာလည်း
Add caption
လှပါတယ်။
နွမ်းကြေမြေခ
ခရေကလည်း ရနံ့ကထူး
လှပါဦးကွယ်။
ရစ်တွယ်ပင်ယံ
သစ်ခွစံမြန်း
လှ‌ဝေဆန်းတယ်။
တော်မဝင် လူမပန်
လမ်းဘေးဝဲယာ
ကျက်သရေဖြာသည့်
မယ်ဇလီပန်းလည်း
လှပါတယ်ကွယ်။
မှိုင်း(ဓာတု)
Add caption
(၁၄-၁၁-၂၀၂၀) စနေ‌နေ့









Tuesday, September 22, 2020

အရုဏ်ဦး မိုင်းဆတ်



မိုင်းဆတ်တောင်တန်း
လှပုံဆန်းသည်
ဓာတ်စွမ်းစေတီ
ဖူးမျှော်ပြီမို့
ဝဿန်မိုးရိပ်
အေးစိမ့်စိမ့်မှာ
‌အေးငြိမ့်သာယာ
ရှုခင်းလွှာဝယ်
အကျွန်ပျော်၏ ပျော်မိ၏။
မှိုင်း(ဓာတု)
Daw Nang Hseng Hong, Khinthet Naing and 54 others


 

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...