Saturday, April 14, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၅)



ကျွန်တော်သည် တာချီလိတ်မြို့နယ်တွင်
 မူလတန်းပြမှ လက်ထောက်မြို့နယ်ပညာရေးမှူး
ရာထူးတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
အထိ လုပ်သက်၂၈ နှစ်တိုင်ရောက်ခဲ့ပြီ
ဖြစ်ပြီး ဌာနတွင် PE , DE စစ်ဆေးခံရမှု
လုံးဝမရှိခဲ့ပါ။ သို့သော်လည်း စစ်ဆေးသည့်
အဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း
မှုတွဲ အစအဆုံးစီစဉ်ကူညီသူအဖြစ်
လည်းကောင်းအကြိမ်ကြိမ် ဆောင်ရွက်
ရသလို ကြီးတဲ့အမှုငယ်အောင်
PE DE အဆင့်မရောက်ဘဲ
အတတ်နိုင်ဆုံး ပျောက်ပြယ်သွားအောင်း
ကူညီနိုင်သလောက် ကူညီပေးခဲ့ရသည့်
အမှု ဖြစ်စဉ်များလည်း များစွာ တွေ့ကြုံ
ရင်ဆိုင်ခဲ့ရပါသည်။




မိမိအနေဖြင့် ကြီးသည့်အမှု
ငယ်အောင်ဆောင်ရွက်ခဲ့ရသည့်
အများစိတ်ဝင်စားနိုင်သည့်
လက်ထောက်မြို့နယ်ပညာရေးမှူးဘဝ
ပညာရေးအမှု ဖြစ်စဉ်အနည်းငယ်
အား အကျဉ်းချုပ်ဖော်ပြပါမည်။




ကျွန်တော်တို့ မြို့နယ်တွင်
လာရောက်တာဝန်ထမ်းဆောင်သည့်
မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဌာန
လူကြီးများကြောက်သည့် ပညာရေးဝန်ထမ်း
အချို့ ရှိပါသည်။




ကြောက်ရသည်ဆိုသည်မှာလည်း
အကျင့်စာရိတ္တကောင်း၍လည်းမဟုတ်
ထူးချွန်ထက်မြက်၍လည်းမဟုတ်
လူတကာအော့ကြောလန်
မဟုတ်တာ မမှန်တာ မကောင်းတာကို
အရှက်သိက္ခာမငှဲ့ဘဲလုပ်တတ်သလို
ပညာရေးဌာန၏ ချီးထုပ်များဟုပင်
ခေါ်ရမလောက်သူများဖြစ်သဖြင့်
လူကြီးများမှာလည်း မလုပ်မရှုပ်
မပြုတ် ဟူသောအယူအဆကြောင့်
လည်းကောင်း အမှန်တရားအတွက်
အမုန်းမခံလိုသောကြောင့်လည်းကောင်း
ပြတ်ပြတ်သား မဆောင်ရွက်သောကြောင့်
ဝန်ထမ်းသက်ရှည်နေခြင်း ဖြစ်ပါသည်။





သူတို့ကိုယ်သူတို့ လုပ်ရပ်သည်
မှားရဲ့သားနှင့် အမှားဟုမယူဆဘဲ
လုပ်ချင်ရာလုပ်နေသောသူများဖြစ်ပါသည်။





ယခုပထမဆုံး တင်ပြမည့်
အမှုဖြစ်စဉ်တစ်ခုတွင်လည်း
ရောက်သည့်နေရာတွင်
အမြဲပြဿနာပေါ်သော
မဟုတ်မမှတ် မတရားအမြဲလုပ်သော
ကျောင်းလုပ်ငန်းများတွင်တာဝန်မကျေသော
လုပ်သက်၉နှစ် ကျောင်း၉ကျောင်းမျှ
ပြောင်းပေးနေရသော မူအုပ်တစ်ဦး
ဆိုင်ရာ အကြောင်းပင်ဖြစ်သည်။

မြို့နယ်အတွင်းတွင်
တိုင်းရင်းသားပေါင်းစုံနေထိုင်သဖြင့်
သူသည် လားဟူ၊အခါ၊ရှမ်း
စသည်ကျောင်းပေါင်းစုံတွင်
နေခဲ့ပြီးဖြစ်သူဖြစ်ပါသည်။

သူမှားသော်လည်း
မည်သည့်မြို့နယ်ပညာရေးမှူး
ပညာရေးဌာနအရာရှိ
အုပ်စုမှူးနယ်မြေမှူးများကိုမှ
လေးစားစွာ ဆက်ဆံခြင်း
မရှိဘဲမောက်မာသူလည်း
ဖြစ်ပါသည်။

ကျွန်တော်ဖြေရှင်းရသည့်အခေါက်တွင်
မြို့နယ်ပညာရေးမှူးက
မြို့နယ်ခြား ရန်ကုန်သို့ခရီးထွက်ခါနီး
တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး
ရပ်ရွာမှတိုင်ကြားလာသောကြောင့်
ဖြစ်ပါသည်။

မိမိစစ်ဆေးသောကျောင်းမဟုတ်သော်လည်း
အခြားစစ်ဆေးရေးအရာရှိ
တာဝန်ယူဖြေရှင်းနိုင်မည်မဟုတ်ကြောင်း
နားလည်သဖြင့် မိမိကို
တာဝန်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။

မိမိအနေဖြင့်အဆိုပါကျောင်းအုပ်
တာဝန်ကျသည့်ဒေသ အုပ်စုမှူး
ကျောင်းအုပ်ကြီး၊နယ်မြေမှူးကျောင်းအုပ်ကြီး
များကို လိုက်ပါစေပြီး အဆိုပါကျောင်းရှိရာ
ကေျးရွာသို့ ရောက်ရှိခဲ့ကြပါသည်။

ရပ်ရွာဒေသလူကြီးများ၊မိဘကျောင်းသားများ
အဆိုပါကျောင်းအုပ်နှင့်လက်ထောက်ဆရာဆရာမများကို
ခေါ်ယူပြီး အခြေအနေများကို
လေ့လာသုံးသပ်သည့်အခါ
အခြေအနေမှန်ဖြစ်နေပြီ
မိမိတို့ကျောင်းအုပ် အပြစ်ထင်ရှားနေသဖြင့်
မလိုလားအပ်သည့် ပြဿနာများ
မဖြစ်ပေါ်စေရေးအတွက်
နယ်မြေမှူးကျောင်းတွင်
အဆိုပါကျောင်းအုပ်အား
တွဲဖက်ထားရှိရန် အပြန်တွင်
တပါတည်းခေါ်ယူခဲ့ရပါသည်။
အဆိုပါ ပညာရေးဝန်ထမ်းသည်
ယခုအခါ မြို့နယ်ခြားပြောင်းရွှေ့
သွားသဖြင့် မိမိတို့မြို့နယ်အတွက်
မြို့နယ်က ကလေးများအတွက်
စိတ်အေးသွားခဲ့ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားလျက် - ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်






No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...