Sunday, June 10, 2018

မြို့ပြ မှ ကျေးလက်သို့ခရီးနှင်ခြင်း

 ရှစ်ခွင်တိုင်း အုံ့ဆိုင်းလို့မှောင်ရီ
ခရီးတစ်ခုတော့ စခဲ့ပြီ။ 

လမ်းခုလပ်ကဗျာသီ
ကာရံမပီလည်း
မှတ်တမ်းတော့ဖြစ်ရမည်။ 

ရာထူးရာခံလူကြီး
တောကြီးလို့မလာချင်ပြီ။ 

ထိုသို့သောလူကြီးထဲ
ကျွန်တော်မပါသည်။

ကျေးလက်များ အမြန်ဖွံ့ဖြိုးဖို့ဟူသည်
ပညာရေး အရေးကြီးပေသည်။ 

တနင်္ဂနွေစနေ
စဉ်းစားရန် မသင့်လေပြီ။ 

တို့ပြည်တို့နိုင်ငံအကျိုး
သယ်ပိုးကြရန်
အရေးကြီးပါသည်။

ဆိုင်ကယ်မပေါက်
ကားမရောက်လည်း
ရအောင်ဆက်လက်ချီတက်မည်။ 

စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

ယနေ့နံနက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာဖြစ်သော တာချီလိတ်မြို့နယ်
ပါဘီး၅ရွာသို့ ဆိုင်ကယ်ဖြင့်  ခရီးသွားစဉ် မိုးဖွဲဖွဲအောက် ခံစားစပ်ဆိုခဲ့သောကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။
(၁၀.၆.၂၀၁၈) နံနက်၆နာရီ၃၀မိနစ်တွင် ရေးစပ်ပြီးစီးပါသည်။




No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...