(၁၁.၈.၂၀၁၈) တွင် စပ်ဆိုသည်။
Saturday, August 11, 2018
Friday, August 3, 2018
Thursday, June 14, 2018
ကျွန်တော်ဟာ လက်ထောက်မြို့နယ်ပညာရေးမှူးတစ်ယောက်ပါ။
သာယာတဲ့ရာသီ
မိုးဖွဲလေးများကတော့လာပြီ။
ဘာမထီအာဇာနည်လည်း
မပြောလိုသည် ။
ကဗျာမပီ စာစီအုံးလျှင်တော့
အကျွန်သည် ဝန်ထမ်းဖြစ်တော့သည်။
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ရည်ရွယ်ရာ
တာဝန်ကျေပွန်ရပေမည်။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရေ
(လက်ထောက်မြို့နယ်ပညာရေးမှူးကောင်းများစွာ ပေါ်ထွန်းလာရေးမျှော်ကိုးလျက်)
Sunday, June 10, 2018
မြို့ပြ မှ ကျေးလက်သို့ခရီးနှင်ခြင်း
ရှစ်ခွင်တိုင်း အုံ့ဆိုင်းလို့မှောင်ရီ
ခရီးတစ်ခုတော့ စခဲ့ပြီ။
ခရီးတစ်ခုတော့ စခဲ့ပြီ။
လမ်းခုလပ်ကဗျာသီ
ကာရံမပီလည်း
မှတ်တမ်းတော့ဖြစ်ရမည်။
ရာထူးရာခံလူကြီး
တောကြီးလို့မလာချင်ပြီ။
ထိုသို့သောလူကြီးထဲ
ကျွန်တော်မပါသည်။
ကျေးလက်များ အမြန်ဖွံ့ဖြိုးဖို့ဟူသည်
ပညာရေး အရေးကြီးပေသည်။
တနင်္ဂနွေစနေ
စဉ်းစားရန် မသင့်လေပြီ။
တို့ပြည်တို့နိုင်ငံအကျိုး
သယ်ပိုးကြရန်
အရေးကြီးပါသည်။
ဆိုင်ကယ်မပေါက်
ကားမရောက်လည်း
ရအောင်ဆက်လက်ချီတက်မည်။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
ယနေ့နံနက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာဖြစ်သော တာချီလိတ်မြို့နယ်
ပါဘီး၅ရွာသို့ ဆိုင်ကယ်ဖြင့် ခရီးသွားစဉ် မိုးဖွဲဖွဲအောက် ခံစားစပ်ဆိုခဲ့သောကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။
(၁၀.၆.၂၀၁၈) နံနက်၆နာရီ၃၀မိနစ်တွင် ရေးစပ်ပြီးစီးပါသည်။
ယနေ့နံနက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာဖြစ်သော တာချီလိတ်မြို့နယ်
ပါဘီး၅ရွာသို့ ဆိုင်ကယ်ဖြင့် ခရီးသွားစဉ် မိုးဖွဲဖွဲအောက် ခံစားစပ်ဆိုခဲ့သောကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။
(၁၀.၆.၂၀၁၈) နံနက်၆နာရီ၃၀မိနစ်တွင် ရေးစပ်ပြီးစီးပါသည်။
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပါဘီး(၅)ရွာတွင် အမက(ခွဲ) မှ အမက ကျောင်းအဆင့်တိုးအခမ်းအနား ကျင်းပပြုလုပ်ခြင်း။
ယနေ့ (၁၀.၆.၂၀၁၈) နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပါဘီး(၅)ရွာတွင်
အခြေခံပညာမူလတန်းကျောင်းခွဲမှ အခြေခံပညာမူလတန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြို့နယ်ပညာရေးမှူး
ဦးမြင့်ဝင်းလှ တက်ရောက်ပြီး ကျေးရွာအုပ်စုတွင်းမှ ကျောင်းအုပ်ကြီးများ၊ဆရာဆရာမများ
ဒေသအာဏာပိုင်များ၊မိဘပြည်သူများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှက အဖွင့်အမှာစကားပြောကြား
ခဲ့ပါသည်။ထို့နောက် ကျောင်းအုပ်စုမှူး(ငြိမ်း)ဦးညွန့်ဖေနှင့် တာဝန်ခံကျောင်းအုပ်ဦးရဲမင်းထွေးတို့က
ကျောင်းအဆင့်တိုးခြင်းဆိုင်ရာ အမှာစကားပြောကြားကြပါသည်။ ကျေးရွာသူကြီးကိုယ်စား ရပ်မိရပ်ဖ
မူလတန်းကျောင်းအုပ်အငြိမ်းစား အသက် (၇၃)နှစ်ရှိပြီဖြစ်သော ဒေသခံဆရာကြီးဦးဘထွန်းက
ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားအား နံနက်၁၁း၃၀ နာရီတွင်အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်
Friday, June 8, 2018
တာချီလိတ်မြို့နယ်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စုတောင်သုံးလုံးရွာတွင် အမက(ခွဲ)မှ အမကကျောင်းအဆင့်တိုးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊တာချီလိတ်မြို့နယ် ၊တာလေမြို့ ၊နားယောင်းကျေးရွာအုပ်စု
တောင်သုံးလုံးရွာတွင် ယနေ့နံနက်(၉း၀၀)နာရီတွင် တောင်သုံးလုံး အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ
အခြေခံပညာမူလတန်းကျောင်းအဆင့်သို့ တိုးမြှင့်သည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ၊
တာလေကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ကြီးဦးကျော်ဆန်း၊ အထကခွဲနားအွန်ကျောင်းအုပ်ကြီး ဦးစိုင်းရှဲန်တို့နှင့်အတူ ကျောင်းအုပ်စုမှူးနှင့်ကျောင်းအုပ်ကြီးများ
တောင်သုံးလုံးရွာသူကြီးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့ပေါ်မှ အလှူရှင်လုပ်ငန်းရှင်များ
မိဘပြည်သူများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှက အဖွင့်
အမှာစကားပြောကြားပါသည်။ ထို့နောက်ကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ဆရာကြီး
ဦးကျော်ဆန်းက ကျောင်းအဆင့်တိုးခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပါသည်။
အခမ်းအနားတွင် တောင်သုံးလုံးရွာသူကြီး ဦးလီဆာကိုယ်စား တောင်သုံးလုံးရွာနေတာချီလိတ် မြို့နယ် စိုက်ပျိုးရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရွှေဟုန်းတန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
အခမ်းအနားအား နံနက်(၁၁း၀၀)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ကျေးရွာမှ နေ့လည်စာဖြင့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ၊ မြတ်မျိုးမြင့်မာန်
Saturday, June 2, 2018
တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု အမက(ခွဲ)နမ့်ဖုန်းကျောင်းအဆင့်တိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း။
(၂.၅.၁၈) စနေနေ့နံနက် (၁၀း၀၀) နာရီတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု နမ့်ဖုန်း လားဟူ
ရွာတွင် အခြေခံပညာမူလတန်းကျောင်းခွဲ ကျောင်းအဆင့်တိုးရရှိခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့
ပါသည်။ အဆိုပါအခမ်းအနားအား ကျေးရွာနာယကအဘနှင့် လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ တို့က ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး
ကျေးရွာ အမျိုးသမီးခေါင်းဆောင်ဒေါ်နာရှဲက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့  ကျောင်းနယ်မြေမှူးအထကခွဲဝမ်ပုံ ကျောင်းအုပ်ကြီးဒေါ်တင်အေး၊ အလက၀မ်တုံကျောင်းအုပ်ဆရာကြီးဦးမြင့်သောင်းတို့နှင့်အတူ ကျောင်းအုပ်စုနယ်မြေအတွင်း
ဆရာဆရာမများ၊ကျေးရွာအုပ်စုအတွင်းမှဖိတ်ကြားထားသူများ၊ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ
နမ့်ဖုန်း ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမကခွဲ ဆက်လက်တိုးတက်အောင်မြင်စေရေးအတွက် လက်ထောက်မြို့နယ်
ပညာရေးမှူးဦးမြင့်ဝင်းလှနှင့် ရပ်ရွာတာဝန်ရှိသူများ ဆွေးနွေညှိနှိုင်း ခဲကြပါသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့်
နမ့်ဖုန်းရွာမှ နေ့လည်စာဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြပါသည်။
အဆိုပါကျေးရွာသည် မိုင်းကိုးကျေးရွာအုပ်စု နယ်မြေအတွင်းရှိသောလည်း နယ်မြေအနေအထားအရ
မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့်လမ်းပန်းဆက်သွယ်ရေး ဆက်စပ်နေကြောင်းသိရပါသည်။
ထို့ပြင် မယ်ခေါင်မြစ်နဘေးတွင်ရှိပြီး သာယာလှပသောကျေးရွာလေးတစ်ခုလည်းဖြစ်ပါသည်။
ပညာတတ်များ မကြာခင်ပေါ်ထွန်းလာပြီး ရွာအကျိုးရပ်အကျိုးသ.ယ်ပိုးနိုင်မည် ပညာတတ်များ
ပေါ်ထွန်းလာတော့မည်ဖြစ်သဖြင့် အမကခွဲအဖြစ် ကိုယ်ထူကိုယ်ထကျောင်းလေးအခြေအနေမှ
အဆင့်တိုးမြှင့်ပေးခဲ့သည် ပညာရေးဝန်ကြီးဌာနအား ကျေးရွာသူရွာသားများက အထူးကျေးဇူးတင်လျက်ရှိပါကြောင်းသိရှိရပါသည်။
သတင်းရေးသားသူ - မြတ်မျိုးမြင့်မာန်
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။