Tuesday, March 12, 2013
စိတ်ကူးအလွမ်း
နွေဦးမေရေ စိတ်ကူးတွေထဲ
ထင်နေဆဲပေါ့ လွမ်းခြင်းကဗျာ
စပ်ဆိုပါရ ပေါ်လာခဏ
ဝေဒနာရစေ ဆွေးမိနေ။
မေ့ပါဘူးမေ တမ်းတေ၀၀ါး
မေ လေလားလို့ အပြေးလှမ်းကြည့်
ရင်တွင်းသိလာ စိတ်၏ရွာထဲ
အလွမ်းသဲတွင် မှန်းဆဲပင်။
အတိတ်ကမေ ဆံစရှည်တွေ
နွေလေရူးထဲ လှနေမြဲပေါ့
စိတ်ကူးသော့သော့ တွေးတော့ပေါ်လာ
ချစ်ပုံလွှာတွေ တမ်းတနေ။
မှိုင်း(ဓာတု)
(၂၁.၉.၂၀၁၂) အွန်လိုင်းတွင် ခံစားတင်ပြခဲ့သည်။
Monday, March 11, 2013
အချစ်ပုန်း
အချစ်ပုန်း
*** ရှက်ရွံ့ရောင်အပြုံးကြားမှာ
နှလုံးသားအဖြေလွှာကို
တွေ့မြင်ပေမယ့်
တွက်သိမြင် ကြမ္မာတွေးရ
ငေးဆရင် သွင်မတူကွဲ
မကြင်သူဘဲ ဖြစ်ခဲ့တယ်။
*** ဖက်ညွန့်ရောင် အပြုံးများနဲ့
နှလုံးသား စိမ်းနုချယ်လို့
ဟန်လုပ်ကာ ပြုမိပေမဲ့
သက်မိရင် သမုဒယနွယ်က
ပတ်မိလျှင် ချည်နှောင်တွယ်လည်း
ကြင်နာသူ မမြင်ကာဖုံး
အချစ်ပုန်းဘဲ ဖြစ်ခဲ့တယ်။
မှိုင်း(ဓာတု)
ယနေ့ခေတ် ညီငယ်ညီမငယ်များ နှလုံးသားနှင့် ဘ၀ချင့်ချိန်နိုင်ကြပါစေ။
Sunday, March 10, 2013
ဒဏ္ဍာရီခရေ (သို့မဟုတ်) ကျွန်ုပ်၏ အတိတ်သခင်မ
&& မေရယ်
အကြွေပန်းမှန်း သိပေမယ့်
နေကွယ်တောင်မနွမ်းဘဲ
မွှေးရနံ့ကြူတတ်တာမို့
ချစ်မိတာအပြစ်လားကွယ်။
&& နေရောင်ထိသော်လည်း
နွေရယ်သူမမှုတာကြောင့်
တစစီ ပျက်ပြယ်ပြုန်းစေတော့
သူ့ထံမှာ ရနံ့မပြယ်တတ်တာမို့
ခွဲခဲ့တာအချစ်လားကွယ်။
&& မျက်ဝန်းသီကြူး
အချစ်ရူးရသူမှာတော့
ချစ်သူ မြင်ရတိုင်း
ကိုယ်လေ.........
ရင်တွင် လှုပ်လှိုင်းခတ်နေတယ်။
&& အချစ်စမ်းသူမို့လား
အပြစ်မှန်းချင်လို့လား
အသစ်ဆန်းချင်လို့လား
မေ ... ခွဲခဲ့တာလား။
&& လိပ်ပြာနဲ့ပိတုန်း
အချစ်ဆုံးသူရွေးပွဲမှာ
ခွန်အားသည်အဓိကလား.....?
ကြင်နာမှုသည်အဓိကလား.....?
&& လမ်းခွဲမှာမျက်ရည်မကျနဲ့ကွယ်
ဆိုခဲ့သူဆိုခဲ့ပေမယ့်
ငိုချင်းရှည်တမ်းတသူမှာတော့
နှုတ်မဆက် ရုတ်တရတ်
မုန်းခဲ့တာကြောင့်
ချစ်ရသူ ကိုယ့်နှလုံးရင်မှာ
နွမ်းလုလုကြေ။
&& ရာသီကူးပြီမို့်
ကျလျောင်းတပေါင်းနေရယ်က
ရွက်ဝါကြွေနွေကူးပေသို့
ကိုင်းအိုဝယ် ပြိုင်းပြိုကာနဲ့
အထီးကျန် ပင်ပိတောက်တွေထင့်
မှန်းဆုတမ်းမြေ။
&& ပန်ဖို့ရည်သန် ... နှလုံးဟန်မှာ
ပြုံးရန်ရွယ်ခဲ့ပေမဲ့
ပွင့်ချပ်လွှာမှာ ...........
အသင့်တက်ကာနေသူတစ်ဦးရယ်ကြောင့်
ပန်းနုရောင် ကိုယ့်နှလုံးသားမှာ
မဲနက်လို့ညို။
&& ပန်းတကာ့ပန်း
ဘယ်ပန်းလှလဲလို့
မေးခဲ့သူ မေးရက်ပေမဲ့
ရင်တွင်းကအဖြေလွှာကို
မောင့်သခင် သိမှာပါလေ။
&& ရင်ခွင်ဦးရယ်
ကြင်နာဖူးသူတွက်
ချစ်ရမယ့်ရက်တွေကို
လက်ချိုးကာ တွက်လာဆွေးပေမဲ့
စိမ်းတဲ့သူ စိမ်းခဲ့တာကြောင့်
လက်တွေသာနာ။
&& လွယ်လွန်းတဲ့ မျက်ရည်
နုလွန်းတဲ့အသည်း
လှလွန်းတဲ့မျက်နှာ
ရိုးလွန်းတဲ့အပြုံး
မောင်နှလုံးမှာ...........
လုံးလုံး မမေ့နိုင်ပါဘူးကွယ်။
&& အလွမ်းရိုင်းမို့ဘဲလား
အိပ်မရညတိုင်းမှာ
မှိုင်း မှိုင်ကာထိုင်ငေးရင်ဖြင့်
ပေါ်ကာလာအတိတ်ဆီရယ်က
ချစ်သူ့ပုံလွှာ။
&& အလှကြည့်သူမှာ
ဘ၀အထိရွယ်ရည်ခဲ့ပေမဲ့
ခဏအသိနဲ့ချစ်ခဲ့သူက
ခရေမဟုတ်တဲ့ .............
ခရေ...........မင်း။
&& အရှုံးအမြတ်မတွက်ဘဲ
နှလုံးသားသက်သက်နဲ့
ချစ်ခဲ့သူမို့.
မုန်းရက်မတွက်ခဲ့ပါမေ။
&& ခရေပင် ခရေလမ်းနဲ့
ခရေစခန်းမှာ ခရေပန်းကောက်တဲ့........ကိုယ်
ခရေသစ္စာ .... ခရေကဗျာစပ်
ခရေတွက်မို့........
နွေလေရူးတိုက် လေပြင်းခိုက်လည်း
ခရေပင်တက် ခရေဆက်ဖို့
ကိုယ်လေ.........?
ခရေပန်းတွေ ခူးဖူးတယ်။ ။
မှိုင်း(ဓာတု)
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၁၉၈၆-၈၇-၈၈ ပညာသင်နှစ်များက မဆုံဆည်းခဲ့ရသောချစ်သူအား
၁၉၈၉ ၏ ဘ၀တိုက်ပွဲကာလများတွင် လွမ်းဆွတ်ရေးသားဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း ၀န်ခံပါသည်။
ချစ်တတ်သူများ မျှဝေခံစားနိုင်ကြပါစေ။
Saturday, March 9, 2013
ခွဲခွာခြင်း ရသ
@@ မေရယ်
အင်းလျားနဲ့ကံ့ကော်
အင်းယားလေးနဲ့ခရေပင်တန်း
ကွန်ဘို့နဲ့အဓိပတိလမ်း
အာစီနဲ့သစ်ပုတ်ပင်
ပုဂံလမ်းနဲ့ဥသြသံ
အချစ်ရူးတဲ့ အချစ်ဦးတို့
တွဲလက်နဲ့ပျော်ခဲ့ဟန်
နွဲဆက်လို့မော်ခဲ့ဟန်
ပြန်တွေးတော့ ကိုယ့်ရင်မှာ ........???
@@ ပုဇွန်စာပင်အပါး ထိုင်နားတော့
ဘရိတ်ဒါးလေးနဲ့ကစားစဉ်
ရှမိခဲ့ကိုယ့်လက် တစ်နေရာ
မင်းနှုတ်ငုံ နွေးထွေးပြုစု
ရင်ထုမှာခုန် .......
မမောနိုင်တဲ့ အပြန်လမ်း
ကိုယ်လှမ်းစဉ် ခိုးအနမ်းနု
လမ်းသီးဆုပ်နဲ့မင်းထုဟန်
ကိုယ့်ရင်မှာ ဘယ်တော့မမေ့
ပြန်တွေးတော့ ကိုယ့်ရင်မှာ ........???
@@ ရာဘာတောနဲ့အေဒီထိပ်
ကျောင်းကွေ့နဲ့ပင်ကုက္ကို
အပြန်လမ်းရဲ့အမှတ်တရ
အကြင်နာရဲ့အစတွေ
ရင်မှာလေ သမုဒယ
အစဉ်သာ ယုယမှုက
ခုအခါ ခွဲအလွမ်း
ရင်မှာလေတမ်းတ
လွမ်းရတဲ့အကြောင်း။

@@ ကြေညာကာမောင်းခတ်
အချစ်ဆုံးရေ.........
အကြင်နာတွေ့ရက်
မေ့ရက်စရာမရှိ
ခင်တွယ်ကာမှေးစက်
ကိုယ့်ပုခုံးဘေးက
မင်းတစ်ယောက်
ခု.... ဘယ်ရောက်နေလဲ
ပြော ..... ပြောလှည့်ပါမေ။
မှိုင်း(ဓာတု)
၁၉၉၁ တွင်စပ်ဆိုခဲ့သည်။
မဆုံဆည်းခဲ့လေသော အတိက်ကချစ်သူအားယနေ့တိုင် မေ့မရခြင်းနှင့်အတူ
မွေးဖွားခဲ့လေသော အတိတ်ကအချစ်ကဗျာများသည်လည်းယနေ့ထက်တိုင်
ချစ်ရသူ၏ရင်ထဲတွင် ရှိနေသေးသည်သာ။အနှစ်နှစ်ဆယ်ကျော်ကာလ
မမေ့နိုင်သူ၏ ရင်ထဲတွင်တော့ တဒင်္ဂကအဖြစ်လားဟု ..........
Friday, March 8, 2013
သခင်ရယ်နားလည်ပါ
အို ......... သခင်
လရောင်ကိုသာ ထာဝရလိုလားသော ငွေကြာဖြူ ကုမုဒြာသည် လည်းကောင်း
တစ်နှစ်လျှင် တစ်ရာသီသာ တွန်ကျူးလေ့ရှိသည့်
ဥသြသံကို တမ်းတသောသူသည်လည်းကောင်း
တစ်နှစ်လျှင် တစ်ခါမျှသာ ပွင့်လန်းတတ်သော
ပန်းပိတောက်အား ရော်ရမ်းမိသူသည်လည်းကောင်း
သူတို့လိုလားသော အချိန်သည်
ရောက်ရှိလာအုံးမည် သခင် ။ ။
အို .......... သခင်
မျှော်လင့်ခြင်းကို မထားရှိရန်
သခင်အခါခါ ပြောဖူးပါသည်
မှောင်ထဲ၌ မဟူရာကျောက် ရှာသူ မဖြစ်လိုပါ
မေတ္တာမီးအိမ်ကို ကိုင်ဆွဲ၍သာ
ချစ်အမှောင်၌ မေတ္တာကို ရှာလိုပါသည်
အကျွန့်ခံစားမှုသည်
မမျှော်လင့်သော မျှော်လင့်ခြင်းဆိုလျှင်
သခင် မည်သို့ အဖြေရှာမည်နည်း။
အို ............. သခင်
အကျွန်သည် တစ်ရံတစ်ခါက ဆန္ဒကို ဦးစားပေးခဲ့ပါသည်
အကျွန်သည် တစ်ရံတစ်ခါက တွယ်တာမှုကို ဦးစားပေးခဲ့ပါသည်

အကျွန်၏ ဦးစားပေးခြင်းသည် အချည်းနှီးပင်သာလား
အကျွန့်ဘ၀တွက်
အမြတ်နိုးဆုံး သန့်စင်ကြင်နာမှုသည်လည်းကောင်း
အလိုလားဆုံး ဘ၀ဖော်မွန်သည်လည်းကောင်း
အနားလည်ဆုံး လေးစားခွင့်လွှတ်ခြင်းသည်လည်းကောင်း
အခုဆိုလျှင် ............
သခင်မှ လွဲ၍ မဖြစ်ချင်တော့သည်ကို
သခင်ဟုပင် တင်စားရသော သခင်နားလည်နိုင်ပါစေ။
မှိုင်း ( ဓာတု )
၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း WEBSITE တွင်
ဖော်ပြခဲ့ပြီး
Popular Post တွင် (၄)ပုဒ်မြောက်အဖြစ် ကဗျာတည်ရှိသည့်နေ့အထိ
ဖော်ပြခံခဲ့ရသောကဗျာဖြစ်ပါသည်။
်
ှ
Thursday, March 7, 2013
သိပါရဲ့လားကွယ်
သိပါရဲ့လားကွယ်
အို.............သခင်
ကျွန်ုပ်၏နှလုံးသားမီးအိမ်ငယ်
ကြေမွပျက်စီးခဲ့ပါပြီ။
အသုံးပြုခံမီးဇာတို့ကား
အထီးကျန်လေပြီ
ကောင်းကင်ပြင်သည် မဲမှောင်၍ လာချေတော့မည်။
အလင်းမဲ့သောအခါ
အကျွန့်အသည်းတို့သည်
ဦးတည်ရာမသိ ဖြစ်ချေတော့မည်။
အကျွန့်မျက်ဝန်းအတွင်းမှ
ကျဆင်းလာမည့် မျက်ရည်များပင်
လောက၏အသိမှတ်ပြုခံ ဖြစ်တော့မည်မထင်
အကျွန်၏ ဆိုးလွန်းသည့် ကံကြမ္မာကို
သခင်..........သိပါရဲ့လားဟင်။
အို.............သခင်
နွေနေကြောင့် ပန်းကလေးများ
ညှိုးနွမ်းတတ်ကြသည်။
မိုးရေကြောင့် ပန်းကလေးများ
လန်းဆန်းကြပါသည်။
နှင်းဥတို့ကြောင့် ပန်းကလေးများ
ရှင်သန်မှု ပိုကြရသည်။
အကျွန်သည် သခင့်အတွက်
ဟေမာန်လား... ၀ဿန်လား ....ဂိမ္မာန်လား သခင်။
အို.......သခင်
မီးခိုးရောင်ကောင်းကင်အောက်က
တိမ်လွှာငယ်တို့ ဝေ့ဝဲသွားနေသော တောင်တန်းပြာတို့သည်လည်းကောင်း၊
သစ်ပုတ်ပင်အောက်မှ
ချစ်မောင်နှံ၏ ကျီစယ်သံတို့သည်လည်းကောင်း၊
ကျွန်ုပ်၏နှလုံးသားလွယ်အိတ်ငယ်အတွင်းရှိ
ချစ်သူ့ဒဏ္ဍာရီတို့သည်လည်းကောင်း၊
အကျွန်အဘယ်သို့ စွန့်ပယ်မေ့ပျောက်ရမည်လဲ ...သခင်။
အို.........သခင်
ငိုရှိုက်ခြင်းကား ဝေဒနာကို ဖြေဖျောက်ခြင်းပင်။
ငိုရှိုက်ခြင်းကို ထိန်းချုပ်သူ အကျွန်ကား
ဝေဒနာနှလုံးသားကို အစိတ်စိတ်ကွဲအောင်
ပြုလုပ်ခြင်းဆောင်မည်လား.........?
ဘယ်သို့ပင်ဖြစ်ဖြစ်..
ကျွန်ုပ်၏ ငိုရှိုက်ခြင်းသည်
အချစ်တိမ်သည် မြင်၏။
ထို့ကြောင့်
ကျွန်ုပ် ဘယ်သောအခါမှ
ငိုရှိုက်ခြင်း မပြုတော့ပါသခင်။
မှိုင်း(ဓာတု)
(18.9.2012) တွင် အွန်လိုင်းတွင် တင်ပြသည်။
သိပါရဲ့လားကွယ်
အို.............သခင်
အထီးကျန်လေပြီ
အလင်းမဲ့သောအခါ
အကျွန့်အသည်းတို့သည်
သခင်..........သိပါရဲ့လားဟင်။
အို.............သခင်
ညှိုးနွမ်းတတ်ကြသည်

လန်းဆန်းကြပါသည်
ရှင်သန်မှု ပိုကြရသည်။
အကျွန်သည် သခင့်အတွက်
အို.......သခင်
သစ်ပုတ်ပင်အောက်မှ
အို.........သခင်
ဘယ်သို့ပင်ဖြစ်ဖြစ်..
အချစ်တိမ်သည် မြင်၏
ထို့ကြောင့်
ကျွန်ုပ် ဘယ်သောအခါမှ
မှိုင်း(ဓာတု)
Wednesday, March 6, 2013
တဒင်္ဂနတ်မိမယ်
ရင်တွင် မဖြစ်စဘူး အဖြစ်ထူး
အိုလေ ခုန်နေတာမှ မရပ်ဘူး။
တကယ် ချောလိုက်တာက မြင်သူရူး
သူရယ် အသဲမှာစွဲ အဖြစ်မူး
နာမည် ဘယ်လိုလေလဲ မသိဘူး
နေတယ် ဘယ်နေရာလဲ မသိဘူး
အိုကွယ် ဒါပေမယ့်လည်း မမေ့ဘူး။
မှိုင်း(ဓာတု)
၁၉၉၁ တွင် ရေးသားစပ်ဆိုခဲ့ပါသည်။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။